ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Energize Myanmar အဖွဲ့အစည်းအား လက်ခံတွေ့ဆုံ

၁၂ ဇွန်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  Energize Myanmar အဖွဲ့အစည်း၏ Chairman Mr. William James Harkin ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မတူညီသော အသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ရေးစသည့် လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ  ပုဂ္ဂလိကကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိရာ Energize Myanmar ကုမ္ပဏီအနေဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသနှင့် အခြားလိုအပ်သည့်နေရာများတွင် စိုက်ပျိုး မွေးမြူရေး ကဏ္ဍများ၌ ဒေသခံများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်အသစ်ဖြင့် အကောင် အထည်ဖော်နိုင်ရန် နည်းပညာနှင့် အရင်းအမြစ်များပံ့ပိုးပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းစသည့် တို့ကို ပူပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဒေသဆိုင်ရာအစိုးရဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 
#hl1
#npw_jun2020
 
Source: MOSWRR

Sign Up

Upcoming Events