
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့ ပြည် ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွား ခဲ့သော လေဘေးသင့်အမိုးလန်နေအိမ် (၁) အိမ်အား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀) ကျပ် အား (၁၂-၆-၂၀၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ များ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jun2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)