လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀)ရက်နေ့ နေ့လည်(၁၄း၀၀) အချိန်မှ (၁၇း၀၀)အချိန်အထိ မာန်အောင်မြို့နယ်အတွင်းရှိ သစ်ပုံကျေးရွာ၊ စွန်ပန်းချောင်းကျေးရွာ၊ တောင်ရင်းကျေးရွာ၊ ကမားကျေးရွာနှင့် အိုးဝကျေးရွာတို့တွင် COVID-19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_jun2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)