လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအုပ်စု၊ချပ်ကုန်းကျေးရွာ (၉-၆-၂၀၂၀)ရက်နေ့(၁၃:၄၅) အချိန် နှင့် ဇီးဖြူကုန်း ကျေးရွာအုပ်စု၊ မင်းကုန်း(က)ကျေးရွာ (၁၅:၀၀) နာရီအချိန်တို့တွင် ဖြစ်ပွားသော မိုးကြိုးဘေး ကြောင့် သေဆုံးသူ(၂) ဦး အတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၆၀၀,၀၀ဝ/-) ကျပ်ကို ကန့်ဘလူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျရပ်/ကျေးစာရေးတို့နှင့်အတူ မိုးကြိုးဘေးသင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများလက်ဝယ်ရောက် (၁၁-၆-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီ အချိန်တွင်ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်၊၊
#ha_tls
#mgy_jun2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)