
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်စုရပ်(၃)ခုမှ အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၁၉၄)ဦး တို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၂၈)အိတ်၊ (၇)ပြည်အား စစ်တွေခရိုင်ဦးစီးမှူးရုံးမှ (၉-၆-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke_jun2020