လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့ ၊ (၁၄:၃၀) အချိန်မှ (၁၆:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့နယ်၊ ဇရပ်ကြီးကုန်းကျေးရွာ၊ နွယ်ရစ်ကျေးရွာ၊ အိုင်ကျယ်ကျေးရွာနှင့် လေးအိမ်စုကျးရွာများရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_jun2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)