လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၉-၆-၂၀၂၀) ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ မာန်အောင်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရန်အောင်မြင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ကမ်းနားတန်း ရပ်ကွက်၊ အနောက်စုရပ်ကွက်၊ ကုန်းတန်းကျေးရွာနှင့် ဘုရားကြီးကုန်းကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လိုက်လံနှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_jun2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)