COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စု၊ ရေယိုကျေးရွာ၊ နိုးကိုးစိုက်ကွင်းကျေးရွာ၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာ၊ ဒေါပေါ်ကလဲရွာငယ်ကျေးရွာ၊ ဒေါပေါ်ကလဲရွာကြီးကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာ(တောင်)ကျေးရွာ၊ ကယန်းသာယာ (မြောက်)ကျေးရွာ၊ နွားလဝိုးစံပြကျေးရွာ၊ ချိကယ်ကျေးရွာအုပ်စု၊ ဖားတီမာကျေးရွာနှင့် ပျားကနဲကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#kyh_jun2020

Sign Up

Upcoming Events