
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့ ပြည် ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးသင့်မှုကြောင့် သေဆုံးသွားသူ၏ မိသားစုအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၉-၆-၂၀၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#bgo_jun2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)