ဒဏ်ရာရပြည်သူအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရဲစခန်းလမ်း၊ ဘိုဘိုဖုန်းအရောင်းဆိုင် ရှေ့လမ်းမ၌ (၈-၆-၂၀၂၀)ရက်နေ့၊(၂၀:၀၅)အချိန်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ(၃)ဦးတို့အတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀/-)ကျပ်အား (၉-၆-၂၀၂၀)ရက်နေ့၊နေ့လည် (၁၄:၀၀)ချိန်တွင် ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#krn_jun2020

Sign Up

Upcoming Events