မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ မျှားပိုင်း ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာတွင် (၈-၆-၂၀၂၀) ရက်နေ့၊ ညနေ(၂၀:၂၀) အချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသွားခဲ့သော မိုးကြိုးဘေးသင့်သေဆုံး ပြည်သူ (၁) ဦးအတွက် မိသားစုဝင်များအား (၉-၆-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ထောက်ပံ့ ငွေ (၃၀၀,၀၀၀/-) ကျပ်ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_tls
#mgy_jun2020
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events