COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀)ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်မှ (၁၄း၃၀)အချိန်အထိ ရမ်းဗြဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ကုန်းဘောင်ကျေးရွာ၊ မင်းပြင်ကျေးရွာနှင့် အလယ်ရွာသစ်ကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လိုက်လံနှိုးဆော်ခြင်းများအား ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: : ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_jun2020

Sign Up

Upcoming Events