လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ ထားဝယ်မြို့နယ်၊ ကူးတို့ကျေးရွာ၊ အလယ်ကုန်းကျေးရွာနှင့် ကနိုင်းဒါကျေးရွာတို့တွင် hand speaker၊ လောစပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်းများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#tny_jun2020