ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

~~~~~~~
Source: MOSWRR
~~~~~~~
ဇွန် ၅ ရက်၊ နေပြည်တော်
~~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
 
ယနေ့ (၅-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ KBC နှင့် RC စုစုပေါင်းယာယီတိုက်ပွဲရှောင်စခန်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည်ဘူး(၄၀)၊ ထုံးအိတ်(၂၀)၊ ဆပ်ပြာ(၉၅၂)ခဲ၊ Surgical Mask (၁,၂၉၈)ခု၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်နှင့် COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
 
အလားတူရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ရွှေထီးဆောင်းဘုန်းတော်ကြီးကျောင်း၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်း၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၊ မြို့သစ်ဘုန်းတော်ကြီးကျောင်း၊ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ဘုရားပေါ်ဘုရားသိမ် စုစုပေါင်းယာယီတိုက်ပွဲရှောင်စခန်း (၁၂)ခုသို့ သွားရောက်၍ ဆပ်ပြာ(၅,၀၇၈) တောင့်၊ အဝတ် Mask (၁၀,၁၅၆)ခု၊ လက်သန့်ဆေးရည်(၂,၆၉၀)ဗူး၊ Hand Speaker (၁၂)ခု၊ အပူချိန်တိုင်းကိရိယာ(၁၂)ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသောMemory Stick (၁၂)ခုနှင့် ဗီနိုင်း(၁၂)ချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events