COVID 19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက် နေ့တွင် တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာ၊ အကလကျေးရွာ၊ ကသပေါင်းကျေး ရွာ၊ ကျွဲကျွဲဒရွတ်ကျေးရွာ၊ ကရင်ချောင်ကျေးရွာ၊ ခနောင်ထိန်တပင်ကျေးရွာ၊ စာဖြူစုကျေးရွာ၊ ရေ တွင်းကုန်းကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောအသိပေးကြေငြာချက်များအား အရာထမ်း/အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar
#ygn_jun2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events