လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျေးမင်းကျေးရွာအုပ်စု၊ မစအောက်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ နေ့လည် (၂၂:၀၀) နာရီအချိန်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်နှင့် လိပ်သိုမြို့၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်း(အောက်)ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊
သံတောင်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၌ (၂၉-၅-၂၀၂၀) ရက်နေ့၊ (၂၁:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၈၄၀၀) ကျပ်ကိုလည်းကောင်း၊
သံတောင်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၌ (၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀) ကျပ်ကိုလည်းကောင်း၊
သံတောင်ကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၌ (၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀၀)ကျပ်ကိုလည်းကောင်း၊
သံတောင်ကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၌ (၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုဘေးကြောင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀)ကျပ်ကိုလည်းကောင်း၊
(၃-၆-၂၀၂၀) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူမိသားစုဝင်များ၊ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ha_sgw
#ha_rbe
#krn_jun2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)