လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ကညင်ချောင်းလေးကျေးရွာ၌ (၂-၆-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်တိတိအား (၃-၆-၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး တို့နှင့် အတူ သေဆုံးသူ၏မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#ayy_jun2020