မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ ကျီးပင်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀,၀၀၀/-)ကျပ်အား (၃-၆-၂၀၂၀)ရက်နေ့ (၁၅း၃ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#bgo_jun2020

Sign Up

Upcoming Events