လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ဖြစ်ပွားသော ရေဦးမြို့နယ်အတွင်း လေပြင်းတိုတ်ခတ်မှုနှင့် မိုးကြိုးပစ်ခတ်မှုကြောင့် အင်းကြီးကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) ကျပ်၊ ကျေးရွာ အုပ်စု(၇)စုမှ ပြိုကျနေအိမ်(၄)လုံးနှင့် အမိုးအကာပျက်စီး‌နေအိမ်(၂၄) လုံးတို့အတွက် ကယ်ဆယ် ရေးပစ္စည်း(၁၀)မျိုး(၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၆၅,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၂၈)စုမှ လူဦးရေ(၁၄၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၀၀,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၀၆၅,၃ဝဝိ/-) ကျပ်တို့အား (၃-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_jun2020

Sign Up

Upcoming Events