သောက်သုံးရေဖြန့်ဝေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအုပ်စု၊ ရပ်ကွက်အမှတ် (၄)၊ (၅)၊ (၆)၊ (၇) နှင့် (၈) တို့တွင်နေထိုင်သော အိမ်ထောင်စု (၁,၁၁၇) စုတို့သည် သောက်သုံးရေခက်ခဲ လျက်ရှိရာ သောက်သုံးရေလှူဒါန်းမှုတစ်နေ့တာ လိုအပ်သည့်ရေဂါလံ(၂၀,၀၀၀) အတွက် သောက်သုံးရေထောက်ပံ့ဖိုးငွေ (၄၅,၀၀ဝ/-) ကျပ်အား နတ်ချောင်းကျေးရွာ သောက်သုံးရေ လှူဒါန်းခြင်းလုပ်ငန်း ဆောက်ရွက်လျက်ရှိသည့်နေရာသို့ သွားရောက်၍ နတ်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_drg
#sgg_jun2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events