လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ စာဆွဲကျေးရွာနှင့် မောင်ငယ်ကျေးရွာအုပ်စု၊အုန်းပင်စုကျေးရွာတို့၌ (၁-၆-၂၀၂၀) ရက်နေ့တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၂)ဉီးအတွက် ထောက်ပံ့ရန်ပုံငွေ (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လပွတ္တာမြို့နယ်၊ ထင်းပုံကွင်းကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၁)ဉီးအတွက် ထောက်ပံ့ရန်ပုံငွေ(၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း (၃-၆-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံတို့နှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)