သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ တောရှည်ကျေးရွာ နှင့် မောင်းမကန်ကျေးရွာတို့မှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker၊ လော်စပီကာတို့ဖြင့် လှည့်လည် အသိပညာပေးခြင်း၊ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ကျေးရွာနေပြည်သူများထံ လှည့်လည်အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_jun2020

Sign Up

Upcoming Events