လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်းစံရာအနောက်ကျွန်းကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၂၀ဝိ/-) အား (၃-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)