COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖားကန့်မြို့နယ်၊ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆက်စပ်ပစ္စည်းများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖားကန့်မြို့နယ်ရှိ ကာမိုင်းလိုင်နှောင်း၊ လဝါး RC၊ နန့်စီးအင် IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာ(၃၉၅)ခဲ၊ ထုံး(၃၀)အိတ်၊ လက်သန့်ဆေးရေ(၈၆)ဘူး၊ အပူချိန်တိုင်းကိရိယာ(၃)ခု၊ အဝတ်mask(၂၆၈)ခု၊ Hand Speaker(၃)ခု၊ Memory Stick(၃)ခုတို့အား သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_jun2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events