ဇွန်လ ၂ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကာမိုင်းလိုင်နှောင်း IDP စခန်းနှင့် လဝါး RC ၊ နန့်စီးအင် ယာယီတိုက်ပွဲရှောင်စခန်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၈၆)ဗူး၊ ထုံး(၃၀)အိတ်၊ ဆပ်ပြာ(၃၉၅)ခဲ၊ အဝတ် Mask (၂၆၈)ခု၊ အပူချိန်တိုင်းကိရိယာ(၃)ခု၊ Hand Speaker (၃)ခုနှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၃)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။
အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၅)ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံး၊ (၆)ရပ်ကွက်မူကြိုကျောင်း စုစုပေါင်း IDP စခန်း (၂)ခုသို့သွားရောက်၍ Hand Speaker (၂)ခုနှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်
ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: MSWRR
#ha_otr
#npw_jun2020