လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ အမှတ်(၆/၁၁/၁၄)ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ မှော်စက်ရပ်ကွက်၊ ဆာပါချောင်ရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ ဘိုဖြူချောင်းကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ခနောင်ရွာမကျေးရွာ၊ ခနောင်(အထက်)ကျေးရွာ၊ ခနောင်(ရှမ်းစု)ကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)