လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် စုရပ်(၇)ခုမှ အိမ်ထောင်စု(၁၀၅)စု၊လူဦးရေ(၄၂၄)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၁)စု၊ လူဦးရေ(၃၉၂)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၂၀၆)စု၊ စုစုပေါင်းလူဦးရေ(၈၁၆)ဦးတို့အတွက် ဆန်ရိက္ခါ(၂)ပတ်စာ (၁၁၉)အိတ်အား (၂-၆-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_jun2020