ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ် ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁,၉၀ဝိ/-) ကျပ်၊ စုစုပေါင်း (၈၈၁,၉၀ဝိ/-)ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy_jun2020

Sign Up

Upcoming Events