လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီချိန်၌ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်း ကျေးရွာအုပ်စု၊ မိဖာလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်၍ သေဆုံးသွားသူ (၁)ဦးအတွက် သေဆုံးထောက်ပံငွေ (၃၀၀၀၀၀/-)ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊နေ့လည် (၁၅:၀၀)နာရီချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#krn_jun2020