လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၊ (အထွဋ်၊ လိန်ကုန်း၊ ဆုံကုန်း၊ အင်းတရော်၊ သာဒုချောင်း၊ တောင်ပို့တစ်ရာ) အုပ်စု ၊ ကျေးရွာခွဲ (၂၇) ရွာတို့တွင် ဖြစ်ပွါးခဲ့သော လေဘေးကြောင့် အိမ်ခြေ(၁၁၈)လုံး (ပြိုကျပျက်စီး-၂၇လုံး၊ အမိုးလန်-၉၁လုံး)၊ လူဦးရေ (၄၇၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂၇)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၁၈၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၉၅၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၁၇၅၄၀၀/-)ကျပ်ကို (၁-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီချိန်တွင် ဇလွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့််အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#ayy_jun2020

Sign Up

Upcoming Events