လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈/၂၉-၅-၂၀၂၀) ရက်နေ့ များတွင်သာယာဝခရိုင်၊ လက်ပံတန်းမြို့နယ်၊‌ကျေးရွာအုပ်စု(၁၈)စုမှ‌ကျေးရွာ(၄၉)ရွာတို့တွင် ဖြစ်ပွား ခဲ့သော လေဘေးသင့်အမိုးလန်နေအိမ်(၃၇၇)လုံး၊ ပြိုလဲနေအိမ်(၄၆)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆,၀၄၀,၀၀၀/-) ပြိုလဲနေအိမ်များမှ လူဦးရေ(၂၀၁)ဦး အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၂၂,၁၀၀/-) ကျပ်၊စုစုပေါင်း ( ၁၆,၄၆၂,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၄၆) လုံး အတွက် ထောက်ပံ့ပစ္စည်း (၁၆) မျိုးပါ(၄၆)ပုံးတို့အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်ထွေအုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ လွှတ်‌တော် ကိုယ်စားလှယ်၊ ထွေအုပ်မှတာဝန်ရှိသူများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ပဲခူးတိုင်း‌ဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_jun2020

Sign Up

Upcoming Events