လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့တွင် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဆားတောင်နီကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၀၀/-)ကျပ် တို့အား (၁-၆-၂၀၂၀) ရက်နေ့(၁၁း၄၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဘေးသင့်ပြည်သူထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရွေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#sgg_jun2020

Sign Up

Upcoming Events