လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာတွင် (၃၀-၅-၂၀၂၀) ရက်နေ့၊ (၁၈:၀၀)အချိန်ခန့်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝိ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝိ/-) ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၇၀,၅၀ဝိ/-) ကျပ်အား (၃၁-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#npw_may2020

Sign Up

Upcoming Events