လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာခွဲ(၂၀)ရွာ တို့တွင်(၂၈. ၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၄၂)လုံး၊ စုစုပေါင်း အိမ်ခြေ (၄၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၈၀၀၀ဝိ/-)၊ လူဦးရေ (၁၅၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၃၃၁၈၀ဝိ/-)နှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၁၁၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂၉.၅.၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw
#ayy_ may2020
Source – ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events