လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၂၇-၅-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၂)လုံး၊ အိမ်​ထောင်စု(၂)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၁၃၀,၀၀၀)ကျပ်၊ လူဦး​ရေ(၁၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၂၉,၄၀ဝ)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁၅၉,၄၀၀)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ အိမ်​ထောင်စု(၁)စုစာတို့အား (၂၉-၅-၂၀၂၀)ရက်​နေ့၊ (၁၁:၃၀)အချိန်တွင် ရက်ကွက်အုပ်ချုပ်​ရေးမှူးနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2020

Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events