လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာ(၄)ရွာတို့တွင် (၂၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၈၀,၀၀၀)ကျပ်၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၆၉,၃၀၀)ကျပ်၊ ဘုရားတန်ဆောင်း(၁)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၅၀၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၉၉,၃၀၀)ကျပ်အား (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)