လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ငပိချောင်းကျေးရွာအုပ်စု၊ ငပိချောင်းကျေးရွာတွင် (၀၉:၀၀)နာရီ၌လည်းကောင်း၊ ကွမ်းယာကြီးကျေးရွာတွင် (၁၀:၀၀)နာရီ၌လည်းကောင်း၊ ချောင်းလယ်ကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း၊ ကျားချောင်းကျေးရွာတွင် (၁၂:၀၀)နာရီ၌လည်းကောင်း၊ ချောင်းသုံးဆိုင်ကျေးရွာတွင် (၁၃:၃၀)နာရီ၌လည်းကောင်း၊ ဥတိုကျေးရွာတွင် (၁၅:၀၀)နာရီ၌လည်းကောင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)