လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ အုပ်စု၊ ကန်ထောက်ရှည်ကျေးရွာ၌ (၂၈-၅-၂၀၂၀) ရက်နေ့၊ (၂၂:၁၅) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်း ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-) ကျပ်တို့အား (၂၉-၅-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူး အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)