လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီမွ (၁၂:၃၀)နာရီအထိ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးနှင့် ရွှေမြိုင်သီရိဈေးတို့၌ ပြည်သူများအား COVID 19 ရောဂါကာကွယ်ရန်အချက်များနှင့် မိုးတွင်းကာလတွင်ကြုံတွေ့ရတတ်သော ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအားကြိုတင်ကာကွယ်နိုင်ရန်အတွက် သိရှိလိုက်နာရမည့် အချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_may2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)