လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂ဝ၂ဝ)ရက်နေ့ (၁၇:ဝဝ)အချိန်ခန့်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ရွှေဒါးကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာအုပ်စုနှင့် မြို့စိုးကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၂)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁ဝ၂,၉ဝဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇ဝ၂,၉ဝဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၂၈-၅-၂ဝ၂ဝ)ရက်နေ့ (၁၄:ဝဝ)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#mgy_may2020