လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀ရက်နေ့တွင် လူစည်ကားရာအရပ်ဖြစ်သော မော်လိုက်မြို့၊ မြို့မစျေးရှေ့ ကမ်းနားလမ်းဘေးတွင် စိုက်ထူထားသော လူထုအသိပညာပေးဆိုင်းပုတ်တွင် ရေဘေးလူထု အသိပညာပေး ဗီနိုင်းလှဲလည်ကပ်နှံဆောင်ရွက်ခဲ့ပြီး လူစည်ကားသော ယာယီလဟာပြင်စျေး၊ မော်တော်ဆိပ်၊ ကားဂိတ်များတွင် ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များဝေဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)