လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၌ ပဲခူး တိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဒေါဝိကျေးရွာအုပ်စု၊ ဒေါဝိကျေးရွာ တွင်ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၅၀၀,၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်အား(၂၉-၅-၂၀၂၀)ရက်နေ့ (၁၀:ဝဝ) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events