လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့၊ (၂၃:၀၀) အချိန်တွင် ချောက်မြို့နယ်၊ ဆားလင်းတောင် ကျေးရွာအုပ်စု၊ ပွင့်လင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျနေအိမ်(၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၄၅)လုံး၊ အိမ်ထောင်စု(၅၀)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၅၀၀,၀ဝ/-) ကျပ်တို့ကို (၂၈-၅-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_ sgw
#mgy_may2020

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events