လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဉယျာဉ်ရပ်ကွက်၊ စံပြ (ဖ-ဆ-ပ-လ)ရပ်ကွက်၊ ကန်တော်ကလေးမြောက်ရပ်ကွက်၊ ကန်တော်ကလေးအနောက်ရပ်ကွက်၊ ကန်တော်ကလေးတောင်ရပ်ကွက်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ လွတ်လပ်ရေး ရပ်ကွက်တို့တွင် COVID_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန်၊ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ခြင်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်မြို့နယ်၊ အောင်သုခမီးပွိုင့်၊ အောင်သုခလမ်းစုံတို့တွင် Maskတပ်ဆင်ရန် သတိပေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိရှိ စေရေးနှိုးဆော်ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်များသိရှိနိုင်စေရန်အတွက် ဘေး(၈)မျိုးလက်ကမ်းစာစောင်များ အားဖြန့်ဝေခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ယာဉ်ထိန်း တပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_may2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)