ပျော်ဘွယ်မြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မကျေးရွာအုပ်စု၊ ယင်းတော်မြို့မကျေးရွာ၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာတန်းကျေးရွာ၊ ရှမ်းစုကုန်းကျေးရွာအုပ်စု၊ ကြံ့ကုန်းကျေးရွာ၊ ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတော ကျေးရွာနှင့် ပေါအိုင်ရိုးကျေးရွာ၊ မင်းလမ်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ဆည်ရွာလက်ပံတိုင်း ကျေးရွာအုပ်စု၊ လက်ပံတိုင်းကျေးရွာတို့တွင် (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော လူနေအိမ် (၁၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၇,၇၀၀/-) ကျပ်၊ လူဦးရေ (၆၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၂၈,၁၀၀/-) ကျပ်တို့အား ပျော်ဘွယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၈-၅-၂၀၂၀) ရက်နေ့ (၁၇:၃၀) နာရီ အချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင် သတင်းရရှိပါသည်။

#ha_sgw
#mdy_may2020

Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events