လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာနညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် တူရွင်းတိုင်ကျေးရွာအုပ်စု၊ ဖိုးနီကန်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်တို့အား(၂၈-၅-၂၀၂၀) ရက်နေ့၊ (၁၇:၂၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)