လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ ဒေါင့်သစ်ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာတွင် (၂၇-၅-၂၀၂၀)ရက်နေ့(၁၆း၀၀ )အချိန်၌ လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦး ရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာနှင့် စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀/-)ကျပ်အား (၂၈-၅-၂၀၂၀) ရက်နေ့တွင် မြင်းခြံမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)