လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)အုပ်စု၊ ​ကျေးရွာ(၆)ရွာတို့တွင် (၂၇-၅-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၇)လုံး၊ အိမ်​ထောင်စု (၇)စု တို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၁၀,၀၀၀/-)ကျပ်၊ လူဦး​ရေ(၂၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၈,၈၀၀/-)ကျပ်၊ ​ဓမ္မာရုံ(၁)လုံးအတွက် ​ကျောင်း​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၃၁၈,၈၀၀/-)ကျပ် အား (၂၈-၅-၂၀၂၀)ရက်​နေ့၊ (၁၅:၀၀)အချိန်တွင် ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

​#ha_sgw

#‌mgy_may2020

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events