လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးရွာ(၁၁)ရွာတို့တွင် (၂၇-၅-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၃၂)လုံး၊ အိမ်​ထောင်စု(၃၂)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀၀/-)ကျပ်၊ လူဦး​ရေ(၁၃၉)ဦးအတွက် ဆန်ရိ က္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၉၁,၉၀၀/-)ကျပ်၊ ​ဓမ္မာရုံ(၁)လုံးအတွက် ​ကျောင်း​ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၄၄၁,၉၀၀/-) ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ အိမ်​ထောင်စု(၂)စုစာတို့အား (၂၈-၅-၂၀၂၀)ရက်​နေ့၊ (၁၂:၃၀)အချိန်တွင် ​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌mgy_may2020

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events