လေပြင်းနှင့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်‌ဝေးမြို့နယ်အတွင်း‌ (၂၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ‌ကြောင်ရေအုပ်စု၊ သပြေတန်းကျေးရွာ၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ၊ ကြို့ဇလုပ်ကျေးရွာ၊ ပန်းတင်ကျေးရွာ၊ ကဇွန်းခင်းကျေးရွာ၊ ပိတောက်ချောင် အုပ်စု၊ ပိတော်ချောင်ကျေးရွာတို့တွင် ပြိုလဲနေအိမ် (၇) လုံးနှင့် အမိုးလန်နေအိမ် (၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၃၉,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၄,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးပါ (၇) အိမ်ထောင်စာကိုလည်း‌ကောင်း၊ (၂၇-၅-၂၀၂၀) ရက်နေ့တွင် အလယ်ကွန်း ကျေးရွာအုပ်စု၊ ‌မြောင်းမြကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄,၇၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁) အိမ်ထောင်စာတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် (၂၈-၅-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw_fir

#npw_may2020

 

 

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events